For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 20 February 2014

ဆောင်းရာသီနှင်းမှုံများကြားက နံနက်ခင်းစားစရာ ကောက်ညှင်းကျည်တောက် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   ကျွန်တော်တို့ မြန်မာနိုင်ငံမှာမှီတင်းနေထိုင်
နေကြတဲ့
တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ မိမိတို့ရဲ့
မိရိုးဖလာဓလေ့စရိုက်များနဲ့ကြိုက်နှစ်သက်ဖွယ် နံနက်စောစော
စားသောက်ဖို့အတွက် ရာသီအလိုက်
စီမံပြုလုပ်လေ့ရှိတဲ့ သရောစာများအနက် ယခုလို ဆောင်းဦးကာလ
နှင်းမှုန်များကြားမှာ ကောက်ညှင်း
ကျည်တောက် မီးဖုတ်စားခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း
ကောလင်း၊၀န်းသို၊ပင်လည်ဘူး
ဒေသများရဲ့ ဓလေ့စရိုက်များမှာ တွေ့မြင်နေရသလို မန္တလေး-မြစ်ကြီးနားသွားရာ
လမ်းကြောင်းမှာလည်း
ကောလင်း၊၀န်းသို၊ပင်လည်ဘူး ဘူတာရောက်ရင် ခရီးသွားပြည်သူများ
အိမ်ပြန်လက်ဆောင်ပစ္စည်း
အဖြစ် ၀ယ်ယူကြသလို နံနက်စောစော အဆာပြေသရေစာအဖြစ် ၀ယ်ယူနေကြတာတွေကို တွေ့မြင်
နေရသည်။
         မြန်မာနိုင်ငံရဲ့ကြိုးဝိုင်း၊ ကြိုးပြင်တောများအတွင်းမှာ
ဒေသအလျှောက် ၀ါးမျိုးပေါင်းများစွာ
ပေါက်ရောက်လျှက်ရှိကြရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကောလင်း၊
ဝန်းသို၊ ပင်လည်ဘူး
ဒေသသစ်တောနယ်အတွင်းမှာ မျှင်ဝါး၊၀ါးပိုးဝါး၊သနပ်ဝါး၊
ကြသောင်းဝါး၊တင်းဝါးစတဲ့ ၀ါးမျိုးစုံပေါက်
ရောက်လျှက်ရှိပြီး  အဲ့ဒီဝါးမျိုးစိတ်များရှိတဲ့အနက်
လူတို့ရဲ့စားစရာ(သရေစာ)အဖြစ် စီမံပြုလုပ်ရာမှာ
အသုံးပြုတဲ့ ၀ါးမျိုးကတော့ ၀န်းသိုဒေသထွက်တင်းဝါးပင်ဖြစ်ပါသည်။
         အဲ့ဒီတင်းဝါးတွေကို တောတောင်ထဲမှာ ယခုလို ဆောင်းဦးအခါသမယမှာ
ကြီးထွားပေါများစွာ
ပေါက်ရောက်လျှက်ရှိပြီး ဒေသအခေါ် ပေါင်းတင်း၊အများသုံးအခေါ်အဝေါ် ကောက်ညှင်း ကျည်တောက်
၊ခဲတံကျည်တောက် ပြုလုပ်ရာမှာ အများဆုံးအသုံးပြုလျှက်ရှိပြီး
ကောက်ညှင်းကျည်တောက် ပြုလုပ်နည်း
အဆင့်ဆင့်ကလည်း ဒေသခံတွေဟာ တင်းဝါးတောရှိရာ တောတောင်လျှိုမြေင်တွေကို
ဖြတ်ကျော်ပြီး တစ်တောင်တက်တစ်တောင်ဆင်း မနုလွန်း၊မရင့်လွန်းအရွယ်သင့်
တင်းဝါးတွေကို အဆစ်များခံ၍
ပါလာတဲ့ဓါးမနဲ့ ဖြတ်တောက်သယ်ယူခဲ့ကြတယ်။
         နေအိမ်ကိုရောက်တဲ့အခါ ကောက်ညှင်းဆန် (အဖြူ/ငချိပ်)
မိမိစားသုံးလိုတဲ့ ကောက်ညှင်းဆန်ကို
ဆန်ဆေးပြီး တင်းဝါးကျည်တောက် ထဲကို သုံးပုံနှစ်ပုံခန့်ထည့်၍
ကျန်တစ်ပုံကို ရေထည့်ပြီးတစ်ည
ရေစိမ်ထားကာ ဆန်ဆေးတောင်းနဲ့ ရေစစ်ထားရပါတယ် တင်းဝါးကိုလည်း တစ်ဖက်ပိတ်ဖြတ်ပြီး
အရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကိုထည့်၍  ရေအပြည့် ထည့်ထားပြီးလျှင် တင်းဝါးရဲ့ထိပ်ကို
အင်ဖက်(သို့မဟုတ်)ငှက်ပျောဖက်တို့နဲ့ လုံအောင် ပိတ်ဆို့ကာ
နံနက်(၄)နာရီခန့် အိပ်ရာမှထကြကာ
မြေကြီးကို မီးလင်းဖိုသဖွယ် အရှည်လိုက်တူးထားတဲ့ မီးမွှေးဖိုမှာ
မီးမွှေးခြင်း ပြုလုပ်ရပါတယ်။
           အဲ့ဒီနောက် ၀ါးတန်းငယ်တစ်ခု ပြုလုပ်ပြီး
ကောက်ညှင်းဆန်ထည့်ထားတဲ့ တင်းဝါးတောင့်တွေကို
မှီထောင်ထားကြပါတယ်  ဆောင်းမီးဖိုက မီးအရှိန်ရလာတာနဲ့
တင်းဝါးတောင့်တွေကို မီးမြိုက်၍
စတင်ဖုတ်ရပါတော့တယ်  အဲ့ဒီ တင်းဝါးတောင့်များကိုလည်း မီးအရှိန်ရရှိမှု
ညီစေရန် တစ်တောင့်ချင်း
လှည့်ပေးရပါတယ် အနညးဆုံး(၄၅)မိနစ်မှ အများဆုံး(၁)နာရီခန့်ကြာတဲ့အခါ
ကျည်တောက်အတွင်းမှ
ရေတွေခမ်းပြီးအငွေ့ထွက်လာတဲ့ အချိန်မှာ မီးခဲများလှဲ၍ ပြောင်းလဲထားရှိကာ
မီးကျွမ်းမှုညီစေရန်
မကြာခဏ လှည့်ပေးရပါတယ်။
         နောက်တစ်ဆင့်ကတော့ လက်နဲ့ကိုင်ကွယ်လို့ရတဲ့အချိန်မှာ
တစ်တောင့်ခြင်း အခွံနက် (မီးလောင်ကျွမ်းနေတဲ့နေရာများ)ကို
အဖြူရောင်အခွံပေါ်တဲ့အထိ အခွံခွာရပါတယ် အဲ့ဒီလိုအခွံ
ခွာပြီး ဓားနှောင့်နှင့် တင်းဝါးတောင့်ရဲ့အပိုင်းကိုစတင်ထုခွဲပြီး
ကျန်အပိုင်းတွေကို ဓားမဗြက်ဖြင့်
ရိုက်ပေးခြင်းများ ပြုလုပ်ရပါတယ် ထိုတင်းဝါးများကို အရင်းပိုင်းမှ
စတင်အခွံခွာယူလိုက်လျှင်
တင်းဝါးပင်ရဲ့အကာနဲ့ ဖုံးအုပ်ထားတဲ့ သင်းပျံ့မွှေးကြိုင်တဲ့ကျည်တောက်ကို
ရရှိပါတော့တယ်။
           ကောလင်း၊၀န်းသို၊ ပင်လည်ဘူး ဒေသထွက်တဲ့
တင်းဝါးကောက်ညှင်းတောက်ဟာ မြန်မာရိုးရာအစား အစာအဖြစ် မိသားစုများဟာ
ဆောင်းဦးနံနက်ခင်းရဲ့ အေးမြတဲ့အရသာကိုခံစားရင်း
ကောက်ညှင်းကျည်တောက် အပိုင်းငယ်များကို ဆီဆမ်း၊နှမ်းဖြူးပြီး ပန်းကန်ထဲကိုထည့်ကာ
စားသုံးကြသလို ခရမ်းချဉ်သီးချက်၊ခရမ်းသီးသုပ်၊ငါးချဉ်
၊ငါးရံ့ခြောက်မီးဖုတ်တို့နဲ့ စားသုံးလေ့ရှိကြသည်။
          တချို့ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေကတော့
အရသာပိုမိုပြည့်ဝအောင် တင်းဝါးထဲကို ပဲမျိုးစုံ
အုန်းသီးဆံ ရောနှောစားသုံးကြသလို ဒေသထွက် အစားအစာတွေနဲ့လည်း ကောလင်း၊၀န်းသို၊
ပင်လည်ဘူးဒေသများကို ဧည်သည်များလာရောက်တဲ့အခါ ၀န်းသိုဒေသထွက်
မြန်မာရိုးရာ ဆောင်းနံနက်ခင်း စားစရာအဖြစ် ဧည့်သည်ကျွေးမွေးကြပါတယ်
အဲ့ဒီလို ဧည့်သည်များကို
ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်ဟာ ယနေ့တိုင်ရှိနေဆဲပင်ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

                              စိုင်းလူမင်း

                         Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment