For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 15 February 2014

FDA မဟာမိတ်အဇွဲ့ဝင် ကရင်ပြည်သူ့ပါတီရုံးဖွင့်ပွဲ NDF ပါတီတက်ရောက်အားပေး။ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ဝင်  ကရင်ပြည်သူ့ပါတီ၏ မြောင်းမြမြို့နယ် သိလ္လာကျေးရွာ ဆိုင်းဘုတ်တင်ပွဲသို့ မဟာမိတ်အဖွဲ့ဝင် NDF ပါတီမှ တက်ရောက်အားပေး
         ၁၄-၂-၂၀၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာတွင် ဖွင့်လှစ်သော ကရင်ပြည်သူ့ပါတီရုံးဖွင့်ပွဲသို  FDAမဟာမိတ်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
         ထိုဖွင့်ပွဲသို့ ကရင်တိုင်းရင်းသားဝန်ကြီး ဦးစောထွန်းအောင်မြင့် KUPC မှ ဒုဥက္ကဋ္ဌ စောစေးဝါ နှင့် ကရင်ခေါင်းဆောင်များ ရပ်မိရပ်ဖများ နှင အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုဌာနချုပ်မှ စေလွှတ်သော ဦးကျော်သူရနှင့် ဦးထွန်းထွန်းဝင်၊ NDF ပါတီ ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီဥက္ကဌ ဦးတင်ဝင်း၊ တိုင်းအတွင်းရေးမှူး ဦးအောင်မျိုးလှိုင်တို့ တက်ရောက်ခဲ့ကြသည်။
         သဘာပတိ ကရင်ပြည်သူ့ပါတီ KPP ဒုဥက္ကဋ္ဌ စောစေးဝါက မိန့်ခွန်းပြောကြားရာတွင်  KPP ဟာ NDF ပါတီနဲ့ ဘာလို့မိတ်ဖက်ဖြစ်သလဲဆိုတော့ NDF ပါတီဟာလည်း တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု ပြီးတော့ ၂၀၁၀ အကျဉ်းအကျပ်ထဲမှာ ကျွန်တော်တို့နဲ့ အတူ ပြည်သူ့မျက်နှာတစ်ခု တည်းကိုကြည့်တဲ့ နိုင်ငံရေးလမ်းစဉ် ပေါ်မှာရှိနေလို့ပါပဲ။ အရင်ကဆို ပြည်မက ဘယ်ပါတီနဲ့မှ KPPက  မပေါင်းပါဘူးဟု  ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့တွင် ပါဝင်ရခြင်းနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
 NDFပါတီ ဧရာဝတီတိုင်း ဥက္ကဌ ဦးတင်ဝင်းက မိန့်ခွန်းပြောကြားရာတွင် ကရင်တိုင်းရင်းသားအချင်းချင်း စုစည်းညီညွတ်မှုမှ အစပြု ပြီး တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် နဲ့စုပေါင်း ဖော်ဆောင်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေး နှင့် အတူ ကောင်းမွန်တည်မြဲတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တိုင်းရင်းသားပြည်သူ အားလုံး မိမိတို့နဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်နဲ့ အတူ တိုင်းပြည်ကိုတည်ဆောက် နိုင်ပါလိမ့်မယ်ဟု ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။ 




>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment